Showing posts with label Bollywood. Show all posts
Showing posts with label Bollywood. Show all posts
Maska (2020) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ရူမီရဲ့အဖေသေဆုံးသွားပြီးနောက်ပိုင်းသူ့ရဲ့ဘိုးဘွားဘိုင်အမွေအနှစ်ဖြစ်တဲ့ဆိုင်ကြီးတစ်ဆိုင်ကို

သူ့အမေကပဲဦးစီးနေရပါတယ်။ အမေဖြစ်သူဟာ အိမ်ထောင်ဉီးစီးတာဝန်ကိုပါထမ်းနေရတော့

သားအမိဆက်ဆံရေးဟာ တစ်ခါတစ်လေတော့ အဆင်မပြေမှုလေးတွေတော့ ရှိလေရဲ့…

တစ်နေ့မှာတော့မစ္စတာဖိရိုရှာဘားဒ် အဖြစ်ရွေးချယ်ခံရပြီးသူ့အမေရဲ့မိတ်ဆွေက

ရူမီကိုမင်းသားလုပ်ခိုင်းပါလားလို့ပြောသံကိုကြားလိုက်ရပြီးတော့

ရူမီတစ်ယောက်မင်းသားရူးရူးသွားပါတော့တယ်။

အဲ့ဒီလိုနဲ့ သရုပ်ဆောင်သင်တန်းသွားတက်ပါတော့တယ်…

ဒီသရုပ်ဆောင်သင်တန်းတက်မှပဲ ရူမိတစ်ယောက် ဘဝရဲ့အလှည့်အပြောင်းတွေ စကြုံတွေ့ရတော့တယ်…

သူဘယ်လိုတွေကြုံတွေ့နေရလဲ..သူလုပ်တဲ့အလုပ်ကိုရော သူ့အမေလက်ခံပါ့မလား…

ဘဝလက်တွေဖော်တွေနဲ့ပတ်သက်ပြီး ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားစရာတွေကြုံရမလဲ…

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thik San ဖြစ်ပါတယ်….

File Size : (900 MB) and (376 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:51:00
Genre : Comedy, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thaik San
Encoded by Phyo Pyae

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
HD
901 MB
Download Now
Direct Link
HD
901 MB
Download Now
Tanhaji: The Unsung Warrior (2020) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ဘောလီဝုဒ်ဖန်တွေအတွက် 2020 ရဲ့ blockbuster ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်

နာမည်ကျော်မင်းသားကြီး အဂျေးနဲ့ ဆေ့ဖ်အလီခန်းမ်တို့က အပြိုင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ရာဇဝင်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်

ဇာတ်လမ်းက မရာထာတပ်မှူး တာနာဂျီးရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ်

မဂိုအင်ယာကြီးစိုးတဲ့အချိန်မှာ အိန္ဒိယတစ်နိုင်ငံလုံးကိုသိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်

အဲ့ဒိအချိန်အခါမှာ အိန္ဒိယမှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် လွပ်လပ်ရေးတိုက်ပွဲဝင် မရာထာတပ်သားများစွာရှိပါတယ်

အင်အားချင်းမမျှမှုကြောင့် အနိုင်မရဘဲ မဂိုတွေကိုအရှုံးပေးလိုက်ရတဲ့အခါ မရာထာအင်ယာပါမှ ခံတပ် ၂၃ ခု မဂိုတွေဘက်ကိုပေးအပ်လိုက်ရပါတယ်

အဲ့ဒိထဲမှာ အကြီးမားဆုံးခံတပ်ဖြစ်တဲ့ ကွန်ဒါနားလည်းပါခဲ့ပါတယ် 

ဒီခံတပ်ကိုရရှိရင် အိန္ဒိယတောင်ပိုင်းတစ်ခုလုံးကို ရရှိသလိုပါပဲ

မဂိုတွေဟာ မတွန့်မဆိုင်းဘဲ အိန္ဒိယတစ်ခွင်လုံးကိုပါ သိမ်းဖို့ကြိုးစားလာတဲ့အခါမှာတော့

မရာထာတပ်မှူးကြီး တာနာဂျီးနဲ့မဂိုတပ်မှူးကြီး အူဒေဘန်းတို့ ထိပ်တိုက်တွေ့ဖို့ဖြစ်လာပါတော့တယ်

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….

Download Links
Server Quality File Size Download Link
Google Drive
HD
903 MB
Download Now
Sarileru Neekevvaru (2020) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ရက်ပေါင်း၅ဝလောက် ကြာပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ တေလဂူးမင်းသားချော Mahesh Babuနဲ့

ပရိသတ်တို့ရဲ့ အချစ်တော် တောင်ပိုင်းမင်းသမီး Rashmika Mandanna တို့ရဲ့ အချစ်၊အကြမ်းကားကြီး အကြည်တက်လာခဲ့ပါပြီ။

ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။

စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။

မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါ။

ဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။

လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ခွင့်လည်း တောင်းထားပြီးသား။

ခုလိုအခြေအနေကို မိသားစုကို အကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့

တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက် သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။

ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့… မင်းသားချောပါပဲ။

ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ

အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။

ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။

File Size : (1.30 GB ) and (650 MB)
Quality : AMZN WEB-DL 720p
Running Time : 2hr 49min
Format : Mp4
Genre : Action, Comedy, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.AMZN.WEB-DL.DD+5.1.x264-Telly
Translated by Nyi Nyi Koe And Myint Thu
Encoded by Thanhtike Zaw

Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
Bharat Ane Nenu (2018) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်

ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .

သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်

ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်

မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .

ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး

ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်

သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်

လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .

အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်

သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။

 

သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့

မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ

နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်

သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . .

လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .

ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်

အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .

တစ်နည်းပြောရရင်

သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း   ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .

ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .

မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . .

မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . .

 

(ဇာတ်လမ်းအညွှန်းနဲ့စာတန်းထိုးဖိုင်ကိုတော့ MLMC Team မှ ကူညီပေးထားပါတယ်)

File Size : (1.2 GB)
Quality : HDRip 720p
Running Time : 2hr 53min
Format : Mp4
Genre : Action, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : Telugu v2 True HQ HDRip-720p-x264-AAC
Subtitle by MLMC Team
Encoded by Thanhtike Zaw

Credit to: Channel Myanmar


Download Links
Server Quality File Size Download Link
Google Drive
HD
1 GB
Download Now

Secret Superstar (2017) (Myanmar Subtitle / မြန်မာစာတန်းထိုး)

အဆိုတော်တစ်ယောက်ဖြစ် ချင်တဲ့ (၁၄)နှစ်အရွယ် မွတ်စလင်မိန်းကလေးတစ်ယောက်အ ကြောင်းကို ဇာတ်အိမ်တည်ထား ပြီး Aamir Khan၊ Zaira Wasim၊Meher Vij၊ Raj Arjun စတဲ့ သရုပ်ဆောင်တွေ အဓိကပါဝင် ထားတာပါ။

အထက်တန်းကျောင်းသူလေးအင်ဆူဟာ စည်းကမ်းတင်းကျပ်လွန်းပြီး အကြင်နာတရားမရှိ တဲ့ ဖခင်ရဲ့ အုပ်ထိန်းမှုအောက် မှာ နေရသူဖြစ်ပြီး သမီးကြီးဆိုပေ မယ့်လို့ မိန်းကလေးတွေကို ဖိနှိပ်တဲ့ အသိုင်းအဝိုင်းကဖြစ်တဲ့အ တွက် မျက်နှာသာအပေးမခံရပါ ဘူး။

သီချင်းဆိုဝါသနာပါပြီး အ ဆိုတစ်ယောက်ဖြစ်ချင်တဲ့ အင် ဆူရဲ့စိတ်ကူးအိပ်မက်ကို သူ့အမေက နားလည်သဘောပေါက်ပြီး သီချင်းတွေနဲ့ ထိတွေ့ခွင့်ပြုပေမယ့်လို့ သူ့အဖေသိသွားတဲ့အခါ မှာ ဆူဟောက်မာန်မဲခံရသလို အင်ဆူရဲ့ ဂစ်တာလေးပါ ဖျက်ဆီးခံရပြီး သီချင်းဆိုဖို့ကိုလည်း တား မြစ်ပိတ်ပင်ခံရပါတော့တယ်။

အဆိုဝါသနာရှင်လေး အင် ဆူဟာ သူ့အဖေဘယ်လောက်ပဲ မာန်မဲရိုက်နှက်ပါစေ သူ့အိပ်မက် ကို အကောင်အထည်ဖော်ဖို့ လုံးဝလက်မလျှော့ခဲ့ပါဘူး။ အိမ်ကနေ မွမ်ဘိုင်းကို တိတ်တဆိတ်ထွက် ခွာပြီး အောင်မြင်နေတဲ့ တေးရေး ဆရာ အဆိုတော်ရှက်တီကူးမားနဲ့ တွေ့ပြီး သူ့အိပ်မက်တက် ပိုပြီးအကောင်အထည်ဖော်ကာ အိမ် မှာ ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ သူ့အမေနဲ့မောင်လေးကို ကယ်ထုတ် နိုင်ဖို့ စိတ်ကူးထားတာပါ။

သူ့အဖေက မြို့ပြင်မှာအ လုပ်ထွက်လုပ်တဲ့အတွက် တစ် ပတ်မှာ တစ်ရက်လောက်ပဲ အိမ်ပြန်လာနိုင်တဲ့ အခြေအနေကို အင်ဆူတစ်ယောက် ကောင်းကောင်း အသုံးချပြီး အဆိုပြိုင်ပွဲဝင်ဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေသိ သွားပြီး လုံးဝခွင့်မပြုခဲ့ပါဘူး။

ဒါပေမဲ့လည်း ဇွဲမလျှော့တဲ့ အင်ဆူဟာ သီချင်းဆိုနေတဲ့ဂီတ ဗီဒီယိုတစ်ခုကို Youtube မှာတင် တဲ့အခါမှာ ဝင်ကြည့်တဲ့သူတွေ ညတွင်းချင်းတက်လာသလို သူ တွေ့ချင်နေတဲ့ တေးရေးဆရာ၊ အဆိုတော် ရှက်တီကူးမားက လည်း အင်ဆူကို သတိထားမိ သွားပါတော့တယ်။

ဖိနှိပ်ခံ အင်ဆူတစ်ယောက် အတားအဆီးတွေ၊ အခက်အခဲ တွေ၊ အတိုက်အခံတွေကြားက သူဖြစ်ချင်တဲ့ အဆိုတော်တစ် ယောက်ဖြစ်ခွင့်ရမှာလားဆိုတာ တော့…. ။

(ဇာတ်လမ်းအညွှန်းကို 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုဇော်ထူပါ)

File Size : (1.3 GB) and (547 MB)

Quality : WEB-DL 720p

Running Time : 2hr 30min
Format : Mp4
Genre :Drama, Family, Music
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p Netflix WEB-DL AVC DD 5.1
Translated by Zaw Htoo
Encoded by Thanhtike Zaw

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
HD
1 GB
Download Now
Baahubali 2: The Conclusion (2017)

US$39 million အကုန်အကျခံပြီးတင်ဆက်ထားတဲ.
Baahubali 2 ဟာ IMDb မှာ Rating 9.1 အထိရရှိထားပါတယ်ဗျ
ဇာတ်လမ်းအကျဉ်းကတော့ ၂၀၁၅ ခုနှစ်က Baahubali ရဲ.အဆက်ဖြစ်ပြီး
Katappa က Baahubali ကို ဘာလို့ လုပ်ကြံရသလဲ
ဆိုတဲ့မေးခွန်းနဲ.ပရိတ်သက်ကို ဆွဲဆန်.ထားခဲ့တာဖြစ်ပါတယ်။
ဒီကားမှာတော့ Baahubali ရဲ့ သားဖြစ်သူ က သူ့ရဲ့အမွေအနှစ်
အစစ်အမှန်ကို သိရှိပြီးနောက်တော့ သူ.ရဲ. နေရာမှန်ကို
ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားသွားပုံ ကို effect ကောင်းကောင်းတွေ
သုံးပြီးရိုက်ကူးထားတာဖြစ်လို.ပရိတ်သတ်တွေ
အကြိုက်တွေ.စေမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဗျ

Credit to: M-Sub Movie


Download Links
Server Quality File Size Download Link
Google Drive
HD
1.9 GB
Download Now
Baahubali: The Beginning (2015) (Myanmar Subtitle /မြန်မာစာတန်းထိုး)

IMDb Rating (8.8/10) ထိရရှိထားတဲ့ Action, Adventure, History အမျိုးအစား Bollywood ရာဇဝင်ဇာတ်ကားပါ။ရှေးခေတ်အိန္ဒိယတိုင်းပြည် က အင်အားကြီးဘုရင်တွေနဲ့ ဒဏ္ဍာရီဆန်တဲ့ ဇာတ်လမ်းတွေကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။

ရှီဗာဆိုတဲ့ မွေး ကင်းစကလေးငယ်လေးနဲ့ သူ့ရဲ့ အထိန်းတော်ဖြစ်သူတို့ကို ဘုရင့် မှူးမတ်တွေက လိုက်ပြီးတော့ သုတ်သင်ပါတယ်။ ထွက်ပြေးရင်း လမ်းခုလတ်အရောက်မှာ သူ့ရဲ့ အထိန်းတော်ဖြစ်သူက ကွယ်လွန် သွားခဲ့ပြီး ရှီဗာဆိုတဲ့ ကလေးလေးကို ဒေသခံရွာသားတွေက စောင့်ရှောက်ခဲ့ပါတယ်။

ရှီဗာ တဖြည်းဖြည်းကြီးလာ တဲ့အခါ တခြားလူငယ်တွေနဲ့မတူ ဘဲ သန်မာပြီးရဲရင့်တဲ့လူငယ်တစ် ယောက်ဖြစ်လာတယ်။ သူကြီး ပြင်းခဲ့တဲ့ရွာနဲ့ မနီးမဝေး တောင် ပေါ်မှာ ရှေးဟောင်းဘုရင့် တိုင်း ပြည်တစ်ခုရှိပြီး အဲဒီတိုင်းပြည်မှာ အကျဉ်းကျနေတဲ့ ဘုရင်မတစ် ပါးရှိတယ်။ တစ်ရက်မှာ ရှီဗာက တောင်ပေါ်တက်ဖို့ ကြိုးစားရင်း အရမ်းလှတဲ့ အမျိုးသမီး တစ် ယောက်ကို တွေ့ခဲ့တယ်။ ဒီအမျိုး သမီးနောက်ကို လိုက်ဖို့ကြိုးစား ရင်းနဲ့ပဲ တောင်ပေါ်အထိ ရောက် ခဲ့ပြီး တောင်ပေါ်မှာ မျိုးနွယ်စုတစ် စုကို တွေ့ရတယ်။

အဲဒီမျိုးနွယ်စုက ဘုရင့်တိုင်း ပြည်က အကျဉ်းကျနေတဲ့ ဘုရင် မကို ကယ်ဖို့ ကြိုးစားနေတာဖြစ် တယ်။ တိုတိုပြောရရင် ရှီဗာက သူကြိုက်တဲ့ ကောင်မလေးကို ကူ ညီဖို့ကြိုးစားရင်း အကျဉ်းကျနေ တဲ့ ဘုရင်မကို ကယ်ဖို့ဖြစ်လာ တယ်။ အဲဒီဘုရင်မက တကယ် တော့ ရှီဗာရဲ့ မိခင်အရင်းဖြစ်ပါ တယ်။ ဇာတ်ကားက တော်တော် ပေရှည်ပါတယ်။ အဲဒီနောက်မှာ ဒီတိုင်းပြည်ကြီးမှာ ရှီဗာမသိတဲ့ ဇာတ်ကြောင်းတွေ ကျန်ပါတယ်။ သူ့အဖေ၊ အမေ၊ တိုင်းပြည်ကြီး အကြောင်း၊ စစ်ပွဲတွေအကြောင်း တွေ အများကြီးပါ။ နောက်ဆက်တွဲအကြောင်းတွေနဲ့ ဒီဇာတ်ကားရဲ့ အဆက်ကိုတော့ ၂၀၁၆ မှာရုံတင်မယ်လို့လဲ ကြေငြာထားပါတယ်။

(ရုပ်ရှင်အညွှန်းကို CM မှကူးယူဖော်ပြပါသည်။)

 Credit to: M-Sub Movie


Download Links
Server Quality File Size Download Link
Google Drive
HD
1.8 GB
Download Now