Showing posts with label Featured. Show all posts
Showing posts with label Featured. Show all posts
Almost Human (2020) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ဇာတ်ကားအကြောင်းလေးကတော့…..

ဖုန်လင်ဒေသမှာ ထူးဆန်းတဲ့ အမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်

အမှုရဲ့ထူးခြားချက်က လူသတ်သမားက ပရော်ဖက်ရှင်နယ်ကျကျ

အရေပြားကိုခွာပြီး အလောင်းကို သပ်သပ်ရပ်ရပ်စွန့်ပစ်ခဲ့တာပါ

ဒါ့အပြင် နောက်ထပ် ​ထူးခြားတာတစ်ခုက လူသတ်သမားက

လူမဟုတ်ဘဲ အချစ်ကိုသင်ယူချင်တဲ့စက်ရုပ်မလေးဖြစ်နေတာပါပဲ

ရဲတပ်ဖွဲ့က အဲလိုထူးခြားတဲ့လူသတ်သမားကို

လိုက်လံရှာဖွေနေစဥ်တစ်ဖက်မှာလည်း စက်ရုပ်မလေးက

အချစ်ကိုသင်ယူဖို့ထွက်လာခဲ့တဲ့အချိန်မှာ ဝမ်ရှန်း ဆိုတဲ့ကောင်လေး

တစ်ယောက်နဲ့တွေ့ပြီး ဝမ်ရှန်းဆီကနေ

အချစ်ကို သင်ယူချင်မိသွားပါတယ်

ဒါကြောင့် ဝမ်ရှန်းရဲ့ကောင်မလေး(စုရှင်း)ကို

ဖမ်းဆီးလိုက်ပြီး စုရှင်း​ဟန်ဆောင်ကာ

သူ့အချစ်ကိုရဖို့ကြိုးစားတာပေါ့

ရဲတပ်ဖွဲ့ကရော လူမဟုတ်တဲ့ ထူးခြားတဲ့

လူသတ်သမားကို ဖမ်းဆီးနိုင်မှာလား ဝမ်ရှန်းကရော

စက်ရုပ်မလေးကို သူ့ချစ်သူ

အယောင်ဆောင်ထားမှန်းသိသွားမှာလား

စက်ရုပ်မလေးကရော အချစ်ကိုတကယ်နားလည်သွားမှာလား….

ဆိုတာကို ဆက် ကြည့်ရမှာနော်

File Size – 997 MB

Quality – web-dl 1080p

Subtitle – burmese (hardsub)

Translator – Yamin Ei

Encoder – Thit San Khant

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
HD
997 MB
Download Now
Direct Link
HD
997 MB
Download Now
Milea (2020) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ဆိုင်ကယ်ဂိုဏ်းအဖွဲ့ထဲမှာပျော်နေပြီး

အချိန်ဖြုန်းတတ်တဲ့ ဒီလန်တစ်ယောက်

ကျောင်းသူသစ် မီလယ်ရာအာဒမ်ဟူစိန် (ခေါ်) လီယာ

ကိုချစ်မိသွားလို့ ပုံစံမျိုးစုံနဲ့ ကောင်မလေးစိတ်ဝင်စားအောင်လုပ်ရင်း

နောက်ဆုံးတော့ချစ် သူတွေဖြစ်သွားကြပါတယ်

ထစ်ခနဲနေရန်ပွဲတွေနဲ့စီနေတတ်တဲ့ ဆိုင်ကယ်အဖွဲ့ကို

လီယာဟာ တကယ်သဘောမကျပါပေမယ့် ချစ်စရာကောင်းတဲ့

စကားလုံးလေးတွေနဲ့ နွေးထွေးတဲ့ဒီလန်ကိုတော့ တကယ်မြတ်နိုးခဲ့ပါတယ်

လီယာက ဒီလန့်ကို ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သတ်စေချင်လို့

သတိပေးတဲ့အနေနဲ့ လမ်းခွဲမယ်လို့ တမင်ခြိမ်းခြောက်လိုက်ရာက

အထက်တန်းကျောင်းပြီးလို့ အရွယ်ရောက်ဘွဲ့ရတဲ့အထိခွဲခွာလိုက်ရပြီး

မထင်မှတ်ဘဲတစ်နေ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့…….

ဒီဇာတ်ကားလေးကို ရှေ့မှာ

Dilan 1990 (2018) နဲ့ Dilan 1991 (2019) ဆိုပြီး

မတူညီတဲ့ ဇာတ်လမ်းအပိုင်းအစလေးတွေ ထွက်ရှိပြီး

ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Indo အချစ်ဇာတ်ကားလေးပါ။

တစ်ယောက်ကိုတစ်ယောက်ချစ်ပေမယ့်

ကောင်းမွန်တဲ့အမှတ်တရတွေကို

သိမ်းဆည်းပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးနေရတဲ့ဖီလင်ကို

သိတဲ့လူတိုင်း၊ အထက်တန်းကျောင်းတုန်းက မေ့မရနိုင်တဲ့

အမှတ်တရတွေရှိတဲ့လူတိုင်း ကြိုက်နှစ်သက်မယ့်

ဇာတ်ကားမျိုးလေးဖြစ်ကြောင်းအာမခံပါတယ်…

File Size – 1.4 GB

Quality – web-dl 1080p

Subtitle –  burmese (hardsub)

Translator – Htoo Htoo Ka Joe

Encoder – Thit San Khant

Download Links
Server Quality File Size Download Link
Google Drive
HD
1 GB
Download Now
Direct Link
HD
1 GB
Download Now

Her Blue Sky ကားလေးကို 2019 နှစ်ကုန်ပိုင်းလောက်က ရုံတင်ခဲ့ပြီး Box office $4.04 ထိရရှိထားတဲ့ ကားလေးဖြစ်ပါတယ်

အကယ်၍ လူတစ်ယောက်ဟာ သူ့အတိတ်က သူ့ကိုယ့်သူနဲ့ မျက်နှာချင်းဆိုရင်တွေ့ခဲ့ရင် အဲ့ဒီအတိတ်ကလူက သူ့ရဲ့လက်ရှိဘဝကို ဂုဏ်ယူမှာလား စိတ်ပျက်မှာလား သူအတိတ်မှာလုပ်ခဲ့မိတဲ့ အမှားတွ ပြုပြင်ပေးဖို့ ကူညီပေးမှာလား ဒါမှမဟုတ် လက်ရှိပုံစံတိုင်းကိုပဲ လက်ခံလိုက်မှာလား ဒီဇာတ်လမ်းရဲ့ အဓိက မက်ဆေ့က ဒီမေးခွန်းပါပဲ

ဒီကားလေးမှာ Aoi နဲ့ Akane ဆိုတဲ့ညီအမနှစ်ယောက်ရှိပါတယ် အစ်မဖြစ်သူ Akane မှာ Shinno တိုတဲ့ကောင်လေးရှိပါတယ် Shinno မှာအိမ်မက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ တိုကျိုမြို့ကို Akane နဲ့အတူသွားပြီး ဟိုရောက်တဲ့အခါ Band အဖွဲ့တစ်ခုထောင်ဖို့ပါ

Shinno ကmusician တစ်ယောက်ဖြစ်ချင်တဲ့သူပါ Akane ရဲ့အိမ်မက်ကတော့ Shinno နဲ့အတူသွားဖို့ပါပဲ Akane ရဲ့ညီမဖြစ်သူ Aoi ဟာငယ်ငယ်ကတည်း Bass Guitar တီးတာဝါသနာပါခဲ့သူဖြစ်တော့ ဒီတော့ Bass Guitar တီးနည်းကို Shinno ကသင်ပေးခဲ့ပြီး Aoi တစ်ယောက်ကလည်း Shinno လိုBand အဖွဲ့ထောင်ချင်လာခဲ့ပါတယ်

သူတို့ရဲ့ပျော်ရွှင်စရာကောင်းနေတဲ့ဘဝကို ဝင်ရောက်လာတဲ့ မုန်တိုင်းကတော့ Akane နဲ့ Aoi တို့ရဲ့မိဘနှစ်ပါ Accident ဖြစ်ပြီးဆုံးသွားတယ်ဆိုတာပါ ဒီတော့ ညီမနှစ်ယောက်ထဲကျန်ခဲ့တော့အတွက် အစ်မဖြစ်သူဟာ တိုကျိုကို Shinno နဲ့အတူသွားဖို့ အိမ်မက်ကို စွန့်လွှတ်လိုက်ပါတယ် ဒီတော့ အဆုံးမှာတော့ Shinno တစ်ယောက် တိုကျိုကို တစ်ယောက်ထဲသွားလိုက်ပါတယ်

နောက် 13 နှစ်ကြာတဲ့နောက်မှာ Aoi ဟာ ပွဲတော်တစ်ခုကိုသွားရင်းနဲ့ Shinno ကိုပြန်တွေ့ခဲ့ပါတယ် ဒါပေမဲ့ Shinno ဟာအရင်လိုပြုံးပျော်ရွှင်တဲ့သူတစ်ယောက် မဟုတ်တော့ပါဘူး ဒီလိုနဲ့ Aoi ဟာ အိမ်ကိုပြန်လာခဲ့ပါတယ် အဲ့ဒီချိန်မှာ Shinno နဲ့ထပ်ပြီးဆုံပြန်ပါတယ် ဒါပေမဲ့ အဲ့ဒီ Shinno ဟာ လက်ရှိ Shinno မဟုတ်ဘဲလွန်ခဲ့တဲ့ 13 နှစ်က Shinno ဖြစ်နေပါတယ် သူ့ကို Guitar တီးသင်ပေးခဲ့တုန်းက Shinnoပါ

အဲ့လိုတွေ့ဆုံပြီးသိပ်မကြာခင်မှာပဲ Aoi တစ်ယောက် သူ့ဘဝရဲ့ ပထမဆုံး အချစ်ဆိုတဲအရာကိုသိသွားပါတယ် Shinno ကိုချစ်မိသွားပါတယ် ဒါပေမဲ့ ဒါဟာ သူမအစ်မရဲ့ ရည်စားဟောင်းဆိုတာကသိတဲ့အတွက် သူ့အတွက်ခက်ခဲလာပါတယ် ဒီလိုမဖြစ်သင့်ဘူးဆိုတာကို သူသိနေပါတယ် နောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ပေးကြပါဦး

ဒီထဲက ဇာတ်ဝင်တေးတွေကလည်း တကယ်ကိုကောင်းလှပါတယ် ဒီထဲမှာပါတဲ့ Her Blue Sky ဆိုတဲ့ သီချင်းက Admin ရဲ့ Fav song တွေထဲကတစ်ပုဒ်လို့လည်းပြောလို့ရပါတယ်

Download Links
Server Quality File Size Download Link
Google Drive
180P
2 GB
Download Now
Direct Link
180P
2 GB
Download Now
Desperados (2020) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ဒီတစ်ခါတော့ Netflix ကနေ ဇူလိုင်လ (၃)ရက်နေ့

ပူပူနွေးနွေး ထုတ်လွှင့်ပြသထားတဲ့ ဇာတ်လမ်းတစ်ခုကို

တင်ဆက်ပေးပါရစေ။

Desperados ဆိုတဲ့ ဇာတ်လမ်းလေးပါ။

နမူနာ ထွက်လာကတည်းက အတော်ခွီရမယ့်ကား ဆိုတာ

တော်တော်များများ သိထားကြမှာပါ။

တကယ် ပြတော့လည်း အဲဒီအတိုင်းပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ အပျိုကြီးမမတစ်ယောက်

ယောကျာ်းလိုချင်ရာကနေ စတဲ့ဇာတ်လမ်းပါပဲ။

ဘဝကို ပေါ့ပေါ့ပါးပါး နဲ့ တလွဲတွေ ဖြတ်သန်းနေတဲ့

အပျိုကြီး မမတစ်ယောက်။

အစစအရာရာ အဆင်မပြေဖြစ်နေတဲ့ အပျိုကြီး မမတစ်ယောက်။

အလုပ်အကိုင်လည်း အဆင်မပြေ၊ အချစ်ရေးလည်း

အဆင်မပြေ ဘာလုပ်လုပ် အဆင်မပြေဖြစ်နေခဲ့တော့

စိတ်ဓာတ်တွေ အကြီအကျယ် ကျနေခဲ့ရတာပါ။

ဒီအချိန်မှာပဲ သူ့အတွက် လက်တွဲဖော်ကောင်းတစ်ယောက်နဲ့

ဆုံတွေ့ခဲ့ရပါတော့တယ်။

ဒီအမျိုးသားရှေ့မှာတော့ ဒီအမျိုးသားကို လက်မလွှတ်ရဖို့အရေး

သူက အိန္ဒြေကြီးတဲ့ အမျိုးသမီးအနေနဲ့ ဟန်ဆောင်ပါတော့တယ်။

ဒါပေမယ့် သူတို့ ရည်းစားဖြစ်ပြီး တစ်နေ့မှာတော့

သူ့ရည်းစားက ၅ ရက်လောက် ပျောက်သွားခဲ့ပါတယ်။

အပျိုကြီးက ပေါက်ကွဲပြီး ရည်းစားဆီကို

ဆဲရေးထားတဲ့ အီးမေးလ်တစ်စောင် ပို့လိုက်ပြီးတဲ့အချိန်မှာပဲ

ရည်းစားဆီက ဖုန်းဝင်လာပါတော့တယ်။

သူ့ရည်းစားက မက္ကဆီကိုမှာ မတော်တဆမှုဖြစ်ပြီး

ဆေးရုံရောက်နေတယ်လို့ သိရတဲ့အချိန်မှာ

မက္ကဆီကို ကို လိုက်ပြီး လက်ပတော့ထဲက အီးမေးလ်ကို

ဖျက်ဖို့ ကြိုးစားရပါတော့တယ်။

ဟာသကားတစ်ကား အနေနဲ့ တော်တော်လေး

ကောင်းတဲ့အပြင် အချစ်ကို ပုံဖော်သွားတာကလည်း

လှပတဲ့အတွက် တော်တော်များများ သဘောခွေ့မယ့် ဇာတ်ကားပါပဲ။

အချစ်အကြောင်းကတော့ စပွိုင်းသလို

ဖြစ်သွားမှာစိုးတဲ့အတွက် ကြည့်လိုက်ကြပါ။

IMDb – 5.2/10 ဆိုပေမယ့်

တော်တော်လေး Entertain ဖြစ်တဲ့ ကားတစ်ကားပါ။

File Size – 1.5 GB

Quality – Web-Dl 1080p

Subtitle – Burmese (hardsub)

Translator – August

Encoder – Thit San Khant

Download Links
Server Quality File Size Download Link
Google Drive
HD
1.5 GB
Download Now
Direct Download
HD
1.5 GB
Download Now
Maska (2020) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ရူမီရဲ့အဖေသေဆုံးသွားပြီးနောက်ပိုင်းသူ့ရဲ့ဘိုးဘွားဘိုင်အမွေအနှစ်ဖြစ်တဲ့ဆိုင်ကြီးတစ်ဆိုင်ကို

သူ့အမေကပဲဦးစီးနေရပါတယ်။ အမေဖြစ်သူဟာ အိမ်ထောင်ဉီးစီးတာဝန်ကိုပါထမ်းနေရတော့

သားအမိဆက်ဆံရေးဟာ တစ်ခါတစ်လေတော့ အဆင်မပြေမှုလေးတွေတော့ ရှိလေရဲ့…

တစ်နေ့မှာတော့မစ္စတာဖိရိုရှာဘားဒ် အဖြစ်ရွေးချယ်ခံရပြီးသူ့အမေရဲ့မိတ်ဆွေက

ရူမီကိုမင်းသားလုပ်ခိုင်းပါလားလို့ပြောသံကိုကြားလိုက်ရပြီးတော့

ရူမီတစ်ယောက်မင်းသားရူးရူးသွားပါတော့တယ်။

အဲ့ဒီလိုနဲ့ သရုပ်ဆောင်သင်တန်းသွားတက်ပါတော့တယ်…

ဒီသရုပ်ဆောင်သင်တန်းတက်မှပဲ ရူမိတစ်ယောက် ဘဝရဲ့အလှည့်အပြောင်းတွေ စကြုံတွေ့ရတော့တယ်…

သူဘယ်လိုတွေကြုံတွေ့နေရလဲ..သူလုပ်တဲ့အလုပ်ကိုရော သူ့အမေလက်ခံပါ့မလား…

ဘဝလက်တွေဖော်တွေနဲ့ပတ်သက်ပြီး ဘယ်လိုရင်ခုန်စိတ်လှုပ်ရှားစရာတွေကြုံရမလဲ…

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thik San ဖြစ်ပါတယ်….

File Size : (900 MB) and (376 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:51:00
Genre : Comedy, Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Thaik San
Encoded by Phyo Pyae

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
HD
901 MB
Download Now
Direct Link
HD
901 MB
Download Now
Promare (2019) (Myanmar Subtitle / မြန်မာစာတန်းထိုး)

Japan Anime ကားတစ်ကားပါ။ Rating 7.2 တောင် ရထားတာဆိုတော့

တော်တော်လေးမိုက်တဲ့Animeထဲမှာပါပါတယ်။

ခန္ဓာကိုယ်ကနေ မီးထလောင်တတ်တဲ့ mutant တွေကြောင့်

The Great Burning လို့ခေါ်တဲ့ အဖြစ်အပျက်ကြီး ဖြစ်လာခဲ့ပါတယ်။

နှစ် ၃၀ ကြာပြီးတဲ့နောက်မှာ Burnish လို့ခေါ်တဲ့သူတွေ ပေါ်လာပြန်ပါတယ်။

ဒီတစ်ခါမှာတော့ သူတို့က မီးကို ပိုပြီးထိန်းချုပ်နိုင်သွားကြပါပြီ။

ဒီလူတွေမှာ မီးတွေအကြောင်းပြချက်မရှိဘဲ လိုက်ရှို့နေတယ်။

ဒါပေမဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။

Galo Thymos ဆိုတဲ့ မီးသတ်တပ်သားသစ်လေးတွေက

မီးလောင်မှုကို ကယ်ဆယ်ဖို့သွားရင်း Burnish တွေနဲ့ကြုံလာရတဲ့အခါမှာတော့

ပွဲကြီးပွဲကောင်းတွေ ဖြစ်ပါတော့တယ်။

Animation ဖန်တီးထားပုံတွေကလည်း တော်တော်လေး

စွဲဆောင်မှုရှိလွန်းတာကြောင့် ကြည့်နေရင်းနဲ့

အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းတောင်မသိရမယ့်Animeမျိုးဖို့

ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

File Size : ( 1 GB , 303 MB)
Quality : BluRay 720p
Running Time : 1 hr 51 min
Format : Mp4
Genre : Animation , Action , Adventure
Subtitle : Myanmar Subtitle (Hard Sub)
Translated by Ye Man Aung
Encoded by Moe Myint Lwin

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
Google Drive
HD
1.7 GB
Download Now
The Song of Names (2019) (Myanmar Subtitle / မြန်မာစာတန်းထိုး)

IMDb Rating – 6.3/10

#Unicode

တယောထိုးတဲ့နေရာမှာ ဉာဏ်ကြီးရှင်ပီသလောက်အောင် တော်လွန်းတဲ့ ဂျူးလူမျိုး ပိုလန်နိုင်ငံသားလေး ‌

ဒေးဗစ်ရပ်ပိုပေါ့…….. ဒေးဗစ်ကို သူ့မိသားစုက တယောပညာဆက်လက်ဆည်းပူးဖို့ လန်ဒန်က မိတ်ဆွေ

တစ်ယောက်ဆီမှာထားခဲ့ပါတယ်။ အဲဒီ့အိမ်က မာတင်ဆင်မွန်စ်လို့ခေါ်တဲ့ သူ့အရွယ်ကောင်လေးတစ်ယောက်

နဲ့ အချိန်တွေကြာလာပြီးတဲ့နောက်မှာ ညီအစ်ကိုတွေလိုဖြစ်လာကြပါတယ်။ တစ်ရက်မှာတော့ ဒေးဗစ်အတွက်

ဖျော်ဖြေပွဲတစ်ခုကို အကြီးအကျယ်ပြုလုပ်ပေးတဲ့ရက်မှာ ဒေးဗစ်‌တစ်ယောက်ပျောက်သွားပြီး ဖျော်ဖြေပွဲအတွက်

ငွေတွေများစွာဆုံးရှုံးခဲ့ပါတယ်။ နှစ်၄၀နီးပါးကြာမြင့်ပြီးနောက် မာတင်ဟာ ဒေးဗစ်ကိုပြန်ရှာတွေ့ဖို့ သဲလွန်စ

တစ်ခုကိုရခဲ့ပါတယ်။ အဲ့သဲလွန်စနောက် လိုက်တဲ့အခါမှာတော့ ဖျော်ဖြေပွဲနေ့တည်းကနေ ၃၅နှစ်ကြာမြင့်တဲ့

အထိ ဒေးဗစ်တစ်ယောက် ဘာလို့ပျောက်သွားတာလဲ…. ပြန်ရှာတွေ့ရင်ရော ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို

စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)

Download Links
Server Quality File Size Download Link
Google Drive
HD
978 MB
Download Now
Direct Link
HD
978 MB
Download Now
Force of Nature (2020) (Myanmar Subtitle / Myanmar Subtitle)

IMDb Rating – 4.6/10

ဒီကားလေးကတော့ action, crime အမျိုးအစားလေးပဲဖြစ်ပါတယ်။ ဟာရီကိန်းမုန်တိုင်းကျရောက်

နေတဲ့အချိန်မှာ ဒေါ်လာ ၅၅ မီလီယံတန်ပန်းချီကားကိုရှာဖွေတဲ့ လူဆိုးဂိုဏ်းနဲ့ ပြောင်းရွှေ့ရေးလုပ်ပေး

တဲ့ ရဲနှစ်ယောက်တို့အမှတ်မထင် စုံမိကြရင်း ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့

နယူးယောက် ကစုံထောက် ‘ကာဒီလို’က သူ့ရဲ့အပြစ်တစ်ခုကြောင့် ပေါ်တီကီရဲဌာနကိုပြောင်းရွှေ့လာရတယ်

အဲ့ဌာနကိုပဲ ရဲမေအသစ်ဖြစ်တဲ့ ပီရာနာပြောင်းရွှေ့လာပြီး ပြောင်းရွှေ့လာတဲ့နေ့မှာပဲ သူတို့နှစ်ယောက်ကို

မုန်တိုင်းကယ်ဆယ်ရေးအတွက် တာဝန်ပေးခြင်းခံရတယ်။ ‘ကာဒီလို’နဲ့ ရဲမေအသစ် ပီရာနာ တာဝန်ထမ်းဆောင်

တော့မယ့်အချိန်မှာပဲ စူပါမားကတ်မှာဖြစ်တဲ့အမှုကိုတိုင်ကြားချက်ဝင်လာတယ်။ အဲ့ဒီ့စူပါမားကတ်ကအမှုတစ်ခု

ကိုသွားဖြေရှင်းရင်းနဲ့မှ အမှုဖြစ်တဲ့လူနေတဲ့တိုက်မှာ ထွက်မသွားသေးတဲ့လူတွေကို နားချပေးဖို့အကြောင်းဖြစ်

လာပါတယ်။ အဲ့အချိန်မှာပဲ လူဆိုးဂိုဏ်းတစ်ခုက တန်ဖိုးကြီးပန်းချီကားကိုခိုးယူဖို့ကြိုးစားရင်း ကာဒီလိုတို့က

ဖမ်းဖို့ကြိုးစားကြတဲ့အချိန်မှာတော့…. ဒီလိုအက်ရှင်ဇာတ်လမ်းလေးကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Lily ပဲဖြစ်ပါတယ်။)

Download Links
Server Quality File Size Download Link
eGoogle Drive
720P BlueRay
788 MB
Download Now
Now You See Me 2 (2016) (Myanmar Subtitle / မြန်မာစာတန်းထိုး)

အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့
Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဥ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့် ပြကွက်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကို အခုလေးပဲ ဘာသာပြန်ဆိုမှု ပြီးသွားတဲ့အတွက် CM ချစ်သူတွေကြည့်လို့ရပါပြီ ရှင်

ဒီကားရဲ့ ပထမဆုံးကား Now You See Me မှာ တုန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်းစီးသမားလေးယောက်တို့ ရဲ့ မျက်လှည့်ပြကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီးတော့ အခု ဒုတိယမြောက်ကားမှာလဲ မြင်းစီသမား လေးယောက်လုံးပြန်လည် သရုပ်ဆောင်ထားပါတယ်

ပထမကားမှာတုန်းက မိန်းကလေးမျက်လှည့် ဆရာအနေနဲ့ ဟန်လေပါဝင်ခဲ့ ပေမဲ့ အခုတော့ ဟန်လေ အစား ငပြောင်မလေး လူလာက ပါဝင်ထားပါတယ်..
မြင်းစီးသမားတွေနဲ့ အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန်တို့ ဆော့ဖ်ဝဲ ကုမ္ဗဏီ အော့တ်တာ ရဲ့ စီအီးအို အိုဝင်အကြောင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ပွဲမှာ မမျှော်လင့်ဘဲ မြင်းစီးသမားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံး ဖော်ထုတ်ခံလိုက်ရပါတယ်
ပထမကားမှာ သေသွားတဲ့ ဂျက် ဝိုင်းလ်ဒါ တစ်ယောက်က တကယ်မသေသေးတဲ့ အကြောင်း.. အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန် ရုဒ်စ် ဟာ မြင်းစီးသမားအဖွဲ့ ဝင် တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက် သူတို့တွေ ၀ရုန်းသုန်းကားနဲ့ ပြေးကြရရင်း လူဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့် တိုးဝင်မိရင်း မကာအိုကို ရောက်သွားပါတော့တယ်

မကာအိုမှာ သူတို့ ဘယ်သူနဲ့ တွေ့ ပြီး ဘယ်လို အစီအစဉ် ဘယ်လို လှည့်ကွက်တွေနဲ့ လူဆိုးတွေကို အနိုင်ပိုင်းမလဲ ဆိုတာရယ်…

ဒိုင်လန်နဲ့ မြင်းစီးသမား အဖွဲ့ သားတွေ ရဲ့ စိတ်ဝင်စားစရာ ဟာမိုနီကျကျ အကွက်ကျကျနဲ့ နောက်ဆုံးမျက်လှည့် အကွက်အတွက် ဘယ်လိုတွေ ခေါ်ဆောင်သွားမယ်ဆိုတာကိုတော့…..

Now You See Me 2 ဇာတ်ကားမှာ ဆက်လက် ကြည့်ရှု ပေးကြပါလို့…

ဘာသာပြန်ဖို့ အတွက် ပါဝင်ကူညီပေးတဲ့ ကျော်ကျော်ဇင်ဖြိုး (Little Neo) နဲ့ ကောင်းမြတ်သူ(seniorkaung)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်

(ဒီဇာတ်ကားကို Khin Cherry Hnin မှ ဘာသာပြန်တင်ဆက်ပေးပြီး ဇာတ်လမ်းအညွှန်းကိုပါ ရေးသားပေးထားပါတယ်)

 

Quality….bluRay 720P
Length…2 hours 9 mins
Format…mp4
File size…953 MB
Subtitle….Myanmar Subtitle (Hardsub)
Translator…Khin Cherry Hnin
Encoder….Kaung Myat Thu

Credit to: Channel Myanmar


Download Links
Server Quality File Size Download Link
Google Drive
HD
953 GB
Download Now