Showing posts with label Horror. Show all posts
Showing posts with label Horror. Show all posts
Silhouette (2019) (Myanmar Subtitle /  မြန်မာစာတန်းထိုး)

IDMb rating 6.5/10 Horror,Thriller Jack Harms နဲ့ Amanda Harms

ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ Sarah ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။

Sarah ဟာ နာမကျန်းရောဂါနဲ့ သေဆုံးသွားတဲ့အခါ Jack က ဇနီးသည်

Amanda ရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ Amanda နဲ့အတူ

ကျေးလက်နယ်မြေတစ်ခုဆီ အိမ်ပြောင်းရွှေ့ခဲ့တယ်။

ဇနီးသည်ရဲ့ စိတ်အခြေအနေကို Jack ထင်ထားသလို

ကျေးလက်ရဲ့ ငြိမ်းအေးမှုနဲ့ ကုစားနိုင်ပါ့မလား။

အတိတ်ရဲ့အရိပ်တွေက ထပ်ကြပ်မကွာ ခြောက်လှန့်နေတယ်။

မည်းနက်ပြီး ဆေးကြောလို့မရတဲ့ အပြစ်တွေက

ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေပြီး Silhouette ပုံရိပ်တစ်ခုလို…

Silhouette ရုပ်ရှင်က သရုပ်ဆောင်မှုနဲ့ ရိုက်ချက်တွေကို

အဓိကဦးစားပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်မှုကနေ ထင်ရှားထွက်နေတဲ့

စိတ်ခံစားချက်တွေကို မြင်တွေ့ရမယ်။

Amandaရဲ့ စိတ္တဇခြောက်ခြားမှုတွေကို မှောင်မည်းပြီး

ထိတ်လန့်စရာ အိပ်မက်တွေအဖြစ် ရိုက်ပြတဲ့ ရိုက်ချက်တွေကိုကြည့်ရင်

Silhouetteဟာ Horror ရုပ်ရှင်ကောင်းတစ်ခုလို့ ပြောရပါမယ်။

ဇာတ်ရှိန်မြင့်မြင့်နဲ့ သွားတဲ့ ဇာတ်လမ်းမဟုတ်ပေမယ့် တဖြည်းဖြည်းချင်း

စိတ်ခြောက်ခြားမှုတွေကို ပေးတဲ့ အမျိုးအစားဖြစ်လို့ horror fan သာဆိုရင်

Silhouette ကို နှစ်သက်မိမှာ အသေအချာပါပဲ။

 

File Size : ( 1 GB , 390 MB)
Quality : WEB DL 720p
Running Time : 1 hr 54 min
Format : Mp4
Genre : Drama , Horror ,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lucille
Encoded by Moe Myint Lwin

Credit to: Channel Myanmar


Download Links
Server Quality File Size Download Link
Google Drive
WEB-DL 720p
1 GB
Download Now
Buppah Rahtree (2003) (Myanmar Subtitle / မြန်မာစာတန်းထိုး)
IMDb 7 အဆင့်ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။
ထိုင်းနာမည်ကြီးဟာသသရုပ်ဆောင်များ ပါဝင်ထားတဲ့အတွက် ကြောက်ရသလောက် အရမ်းရယ်ရတဲ့ကားတစ်ကား ဖြစ်ပါတယ်။
အထူးသဖြင့် ကြောက်တက်သူများ လုံးဝ မကြည့်စေလို့ပါ အချို့အခန်းတွေ အရမ်းလန့်ရပါတယ်။
အခုခေတ်လူငယ်များ အတုယူစရာကောင်းတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဒီကားကို ကြည့်စေလိုပါတယ်။

သူမနာမည် 'ဖုဖား ရာတီ' အဖေမရှိ ငယ်ငယ်ကတည်းက ဖထွေးရဲ့စော်ကားမှု ခံရတဲ့သူတစ်ယောက်ပါ။

ဒီလောက မနေချင်ရလောက်တဲ့ဘဝ သနားစရာကောင်းတဲ့ 'ဖုဖား ရာတီ'ပါ။

စာတော်တယ် အတန်းမှာဆို သူမက အမြဲတမ်း ပထမပါပဲ။ဒါပေးမဲ့ သူမမှာ သူငယ်ချင်းမရှိပါဘူး။ရယ်တာလည်း မတွေ့ဖူးဘူး။ဘယ်သူကိုမှ စကားမပြောပါဘူး။

သူ့အနေအထိုင်အေးတော့ လူပျိုလေးတွေ လိုက်ကြိုက်ပေးမယ့် အကုန်ငြင်းပါတယ် မီလီယံနာသူဌေးသားလည်း အကုန်ငြင်းပါတယ်။သူမ 'ဒေါ်စီ'ပိုင်တဲ့တိုက်ခန်းမှာ အခန်း ၆၀၉မှာ တစ်ယောက်တည်း အေးဆေးနေပါတယ်။

တနေ့မှာ မီလီယံနာသူဌေးသားအုပ်စုတစ်စုက အရက်တစ်ပုလင်းအတွက် 'ဖုဖား'ရဲ့အပျိုစင်ဘဝ ရတဲ့သူသည် အဲအရက်တစ်ပုလင်း ရမယ်ဆိုပြီး လောင်းကြေးထပ်ကြပါတယ်။'အစ်'ဆိုတဲ့ကောင်လေးက ရအောင် လိုက်မယ်ဟု လောင်းကြေးထပ်တဲ့သူ...

'အစ်'က ကြိုးကြိုးစားစား 'ဖုဖား'ကို ရခဲ့ပါတယ်။ဒါပေမဲ့ သူ့အတွက် 'ဖုဖား'ရဲ့ဘဝကို သိမ်းပိုက်နိုင်ပေးမယ့် နောင်တလည်း ရသွားပါတယ်။ဒါတောင်မကပါဘူး 'ဖုဖား'မှာ ကိုယ်ဝန် ရသွားတယ်။သူ့အဖေကို မလွန်ဆန်ရဲသောကြောင့် သူ့အမေနဲ့တိုင်ပင်ပြီး ကိုယ်ဝန်ဖျက်ချဖို့ 'ဖုဖား'ကို သိမ်းသွင်းတော့တယ်။ဖျက်ဖျတဲ့ညအပြီးမှာပဲ သူမအခန်းကို ထားခဲ့ပြီး သူ့အဖေဖြစ်ချင်တဲ့အတိုင်း အင်္ဂလန်ကို ပညာ သွားသင်လိုက်ပါတယ်။

ကိုယ်ဝန်ဖျက်ဖျရလို့ ချစ်သူရဲ့ပြန်အလာကို စောင့်စားရင်း ပြုစုမယ်သူ မရှိတော့ အိမ်သာထဲမှာပဲ သေသွားရရှာတယ်။

အခန်းခမပေးတော့ 'ဒေါ်စီ'တစ်ယောက် အခန်းခလာတောင်းရတာပေါ့။သူမ တစ်လခန့် သေနေတဲ့အလောင်းကိုသာ တွေ့ရတယ်။ပြသနာက စဖြစ်တာပဲ။သူမအလောင်း အဲအခန်းကနေ ဖယ်ထုတ်လို့ မရတာပဲ။

'ဒေါ်စီ'တစ်ယောက် အလောင်းကို ထုတ်နိုင်မလား?
ခ်စ္သူကေရာ ျပန္လာမွာလားဆိုတေတာ့
ဒီကားကို ကြည့်ရင် သတ္တိမွေးပြီး ကြည့်လိုက်ပါ
Credit to: Movie All Channel

Download Links
Server Quality File Size Download Link
Google Drive
HD
889 MB
Download Now

Antrum: The Deadliest Film Ever Made (2018)(Myanmar Subtitle /မြန်မာစာတန်းထိုး)

Antrum ကမ္ဘာပေါ်မှာ လူအသေအပျောက်များဆုံးရုပ်ရှင်တဲ့။

ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ဇာတ်ကားထဲမှာ ပါနေတဲ့အတွက် ထပ်မပြောတော့ပါဘူး။

သတိပဲပေးချင်ပါတယ်။ လူပေါင်း ၅၀ ကျော်က ဒီရုပ်ရှင်ကို ကြည့်လို့ သေကြရတာပါလို့

အခိုင်အမာယုံကြည်သူတွေရှိနေပါတယ်။ ရုပ်ရှင်ကြည့်တာနဲ့ပဲ သေနိုင်မှာလား။ စမ်းချင်စရာပဲနော်။

မပူပါနဲ့ ဒီရုပ်ရှင်က မူရင်း Antrum ရုပ်ရှင်မဟုတ်ပါဘူး။ မူရင်းရုပ်ရှင်က ပျောက်နေတာပါ။

ဒါပေမဲ့ တကယ်ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ဆိုတာတော့ ငြင်းမရပါဘူး။

ဝုန်းကနဲ ထခုန်ရမယ့် ခြောက်လုံးတွေ တစ်ခုမှာမပါဘဲ တစိမ့်စိမ့်ကြောက်နေရမယ့် ဇာတ်ကားပါ။

ကြောက်အောင်လည်း သေချာလုပ်ထားပါတယ်။ အဲဒါကြောင့် မသေနိုင်ဘူးဆိုပေမဲ့လည်း

စိတ်အားငယ်တတ်တဲ့သူတွေ၊ ကြောက်တတ်တဲ့သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်။

ကြောက်တော့ ကြောက်တယ် ကြည့်ချင်တယ်ဆိုတဲ့သူတွေ လက်ရှောင်သင့်ပါတယ်။

သတိတော့ပေးပြီးပြီဗျာ။ ကြည့်ချင်တဲ့သူတွေ ကိုယ့်ဘာသာ တာဝန်ယူနိုင်တယ်ဆိုရင်တော့ ကြည့်လိုက်ကြပါဦး။

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ D3mon ပဲဖြစ်ပါတယ်…

File Size : (850 MB) and (312 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:35:00
Genre : Horror
Subtitle : Myanmar Subtitle (Hard Sub)
Translated by D3mon
Encoded by Phyo Pyae

Credit to: Channel Myanmar


Download Links
Server Quality File Size Download Link
Google Drive
WEB-DL 720p
850 MB
Download Now