Showing posts with label 2018. Show all posts
Showing posts with label 2018. Show all posts

Ready Player One (2018) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။

ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။

ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် အိုအေစစ်ထဲမှာ အီစတာဥလို့ခေါ်တဲ့ပစ္စည်းတစ်ခုကိုထားခဲ့ပါတယ်။

အဲ့ဒီဥကို ရှာဖွေတွေ့ရှိသူဟာ ဟာလီဒေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးနဲ့ အိုအေစစ်ကိုထိန်းချုပ်ခွင့်ပါ ရရှိမှာဖြစ်တဲ့အတွက် အိုအေစစ်ထဲက လူအားလုံးက အဲ့ဒီဥကို အသည်းအသန်လိုက်ရှာကြပါတော့တယ်။

အဲ့ဒီလိုလိုက်ရှာနေကြတဲ့သူတွေထဲမှာ Ready Player One ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဝိတ်ဝက်စ်လဲ ပါဝင်သလိုIOI ဆိုတဲ့ ကုမ္ပဏီကြီးကလဲ အဲ့ဥနောက်ကိုသဲသဲမဲမဲလိုက်နေတာပါ။

ဥကို ရဖို့အတွက် သော့ ၃ ချောင်းအရင်ရှာရမှာဖြစ်ပြီးသဲလွန်စတွေကို ဘယ်လိုအဖြေဖော်ကြမလဲ၊

ဘယ်သူ အဲ့ဥကိုရသွားမလဲ၊

ဟာလီဒေးရဲ့ အစီအစဉ်ကရော ဘယ်လိုလဲဆိုတာတော့

ပရိသတ်တွေအနေနဲ့ ဖိုင်ဆိုဒ်အကြီးကိုသာဒေါင်းပြီး အလှပဆုံး CGI တွေနဲ့ အမြူးကြွဆုံး 80s Rock သီချင်းတွေပါဝင်တဲ့ ဒီရုပ်ရှင်ကို ဇိမ်နဲ့ခံစားကြည့်ရှူလိုက်ကြပါ။

ဒီရုပ်ရှင်ထဲမှာ 80s, 90s ခေတ်က ရုပ်ရှင်တွေ ဂိမ်းတွေ သီချင်းတွေကို ကိုးကားထားတာတွေ မရေတွက်နိုင်အောင်ပါဝင်ပါတယ်။

ဇာတ်ကောင်တွေရဲ့ ဒိုင်ယာလော့တွေကအစ ဒီကိုးကားချက်တွေမပါရင် မပြီးဘူးလို့တောင် ပြောလို့ရလောက်တဲ့အထိပါပဲ။

ဖြစ်နိုင်ရင် ဒီရုပ်ရှင်ကို နှစ်ခေါက်တော့အနည်းဆုံးကြည့်စေချင်ပါတယ်။

ပထမတစ်ခေါက် ဇာတ်လမ်းကိုခံစားပြီးကြည့်ပါ။

ဟောင်းပေမယ့်ကောင်းနေဆဲ သီချင်းတွေကို ခံစားကြည့်ပါ။

ဒုတိယတစ်ခေါက်မှာ သူတို့ရဲ့ကိုးကားချက်တွေကိုခံစားကြည့်ပါ။

ကိုးကားချက်တွေကို ရှာဖွေရလွယ်အောင် ဘာသာပြန်ကတည်းက ကွင်းစကွင်းပိတ်နဲ့ ရှင်းချက်တွေထည့်ပေးထားပြီးရုပ်ရှင်၊ ဂိမ်း နာမည်တွေကို English လိုသာ တမင်ချန်ထားပေးခဲ့ပါတယ်။

အားလုံးပဲ ဒီရုပ်ရှင်ကို ၂ ခါမြောက်ကြည့်ပြီးရင် Google ဂုဏောအနေန္ဒောနိုင်ကြပါစေ။

တစ်ခုတော့ပြောပါရစေ။

Ready Player One ရုပ်ရှင်ဟာ ဖျော်ဖြေရေးဇာတ်ကားသက်သက်မဟုတ်ပါဘူး။

သိပ်မကြာတော့တဲ့အနာဂတ်မှာ ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ရနိုင်တဲ့ နည်းပညာလွှမ်းမိုးမှုပြဿနာတွေကို ကြိုပြီး သတိထားကြဖို့အတွက်၊ ကာကွယ်နိုင်ဖို့အတွက်၊ Pop Culture တွေကိုလဲ ထိန်းသိမ်းနိုင်ဖို့အတွက်ရည်ရွယ်ပြီး တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါ။

လူကြီးတွေအနေနဲ့ ဒီရုပ်ရှင်ကိုကြည့်ပြီး ဂျိမ်းစ်ဟာလီဒေးကို နှစ်သက်ကြမှာဖြစ်သလို လူငယ်တွေကလဲရဲ ၅ ဖော်ကို သဘောကျသွားကြမှာသေချာပါတယ်။

ပြီးတော့ အမျိုးသမီးချောများ မမေ့ပါနဲ့၊ ဒီရုပ်ရှင်မှာ မိုရီဆာကီဝင်း (အဝင်း) ပါပါတယ်ခင်ဗျ။

Download Links
Server Quality File Size Download Link
Google Drive
HD
1.6 GB
Download Now
Bharat Ane Nenu (2018) (Myanmar Subtitle / မြန်မာစာတန်းထိုး)

ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ်

ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . .

သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ်

ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်

မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .

ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး

ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ်

သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်

လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .

အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .

လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်

သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။

 

သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့

မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ

နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်

သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . .

လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .

ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်

အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .

တစ်နည်းပြောရရင်

သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း   ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .

ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .

မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . .

မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . .

 

(ဇာတ်လမ်းအညွှန်းနဲ့စာတန်းထိုးဖိုင်ကိုတော့ MLMC Team မှ ကူညီပေးထားပါတယ်)

File Size : (1.2 GB)
Quality : HDRip 720p
Running Time : 2hr 53min
Format : Mp4
Genre : Action, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : Telugu v2 True HQ HDRip-720p-x264-AAC
Subtitle by MLMC Team
Encoded by Thanhtike Zaw

Credit to: Channel Myanmar


Download Links
Server Quality File Size Download Link
Google Drive
HD
1 GB
Download Now
Avengers: Infinity War (2018) (Myanmar Subtitle /မြန်မာစာတန်းထိုး)

MCU ရဲ့ စတင်တည်ဆောက်ပြီး ၁၀ နှစ်မြောက်မှာ Infinity War ဆိုတဲ့ ရုပ်ရှင် ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်လမ်းဟာ ယခင်ထွက်ရှိခဲ့ပြီးတဲ့ မာဗယ်စူပါဟီးရိုးကားတွေနဲ့ ချိတ်ဆက်ထားတာမို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ ယခင်ကားတွေကို သေချာမသိခဲ့ရင်တောင် ဒီကားထဲမှာ အတော်လေး အကျဉ်းချုံး ရှင်းပြသွားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ စကြဝဠာမှာ အကြီးဆုံးစစ်တပ်ကိုပိုင်ဆိုင်ထားတဲ့ တိုက်တန်ကြီး သားနို့စ်ဟာ အနန္တကျောက်တုံး ခြောက်တုံးကို စုစည်းပြီး စကြဝဠာရဲ့ တစ်ဝက်တိတိကို သတ်ပစ်ဖို့ ကြံစည်လာပါတယ်။ ဒီအကြံကို အဗန်ဂျာတွေ နဲ့ စကြဝဠာစောင့်ရှောက်သူအဖွဲ့ တို့ ပူးပေါင်းပြီး ကာကွယ်ကြတဲ့အခါ MCU သမိုင်းရဲ့ အကြီးဆုံး တိုက်ပွဲကြီးတွေ ပေါ်ပေါက်လာပါတော့တယ်။

Credit to: M-Sub Movie

Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now

Antrum: The Deadliest Film Ever Made (2018)(Myanmar Subtitle /မြန်မာစာတန်းထိုး)

Antrum ကမ္ဘာပေါ်မှာ လူအသေအပျောက်များဆုံးရုပ်ရှင်တဲ့။

ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ ဇာတ်ကားထဲမှာ ပါနေတဲ့အတွက် ထပ်မပြောတော့ပါဘူး။

သတိပဲပေးချင်ပါတယ်။ လူပေါင်း ၅၀ ကျော်က ဒီရုပ်ရှင်ကို ကြည့်လို့ သေကြရတာပါလို့

အခိုင်အမာယုံကြည်သူတွေရှိနေပါတယ်။ ရုပ်ရှင်ကြည့်တာနဲ့ပဲ သေနိုင်မှာလား။ စမ်းချင်စရာပဲနော်။

မပူပါနဲ့ ဒီရုပ်ရှင်က မူရင်း Antrum ရုပ်ရှင်မဟုတ်ပါဘူး။ မူရင်းရုပ်ရှင်က ပျောက်နေတာပါ။

ဒါပေမဲ့ တကယ်ကြောက်စရာကောင်းတဲ့ ရုပ်ရှင်ဆိုတာတော့ ငြင်းမရပါဘူး။

ဝုန်းကနဲ ထခုန်ရမယ့် ခြောက်လုံးတွေ တစ်ခုမှာမပါဘဲ တစိမ့်စိမ့်ကြောက်နေရမယ့် ဇာတ်ကားပါ။

ကြောက်အောင်လည်း သေချာလုပ်ထားပါတယ်။ အဲဒါကြောင့် မသေနိုင်ဘူးဆိုပေမဲ့လည်း

စိတ်အားငယ်တတ်တဲ့သူတွေ၊ ကြောက်တတ်တဲ့သူတွေ မကြည့်ကြဖို့ သတိပေးချင်ပါတယ်။

ကြောက်တော့ ကြောက်တယ် ကြည့်ချင်တယ်ဆိုတဲ့သူတွေ လက်ရှောင်သင့်ပါတယ်။

သတိတော့ပေးပြီးပြီဗျာ။ ကြည့်ချင်တဲ့သူတွေ ကိုယ့်ဘာသာ တာဝန်ယူနိုင်တယ်ဆိုရင်တော့ ကြည့်လိုက်ကြပါဦး။

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ D3mon ပဲဖြစ်ပါတယ်…

File Size : (850 MB) and (312 MB)
Quality : WEB-DL 720p
Format…mp4
Duration…01:35:00
Genre : Horror
Subtitle : Myanmar Subtitle (Hard Sub)
Translated by D3mon
Encoded by Phyo Pyae

Credit to: Channel Myanmar


Download Links
Server Quality File Size Download Link
Google Drive
WEB-DL 720p
850 MB
Download Now