Showing posts with label 2019. Show all posts
Showing posts with label 2019. Show all posts

Her Blue Sky ကားလေးကို 2019 နှစ်ကုန်ပိုင်းလောက်က ရုံတင်ခဲ့ပြီး Box office $4.04 ထိရရှိထားတဲ့ ကားလေးဖြစ်ပါတယ်

အကယ်၍ လူတစ်ယောက်ဟာ သူ့အတိတ်က သူ့ကိုယ့်သူနဲ့ မျက်နှာချင်းဆိုရင်တွေ့ခဲ့ရင် အဲ့ဒီအတိတ်ကလူက သူ့ရဲ့လက်ရှိဘဝကို ဂုဏ်ယူမှာလား စိတ်ပျက်မှာလား သူအတိတ်မှာလုပ်ခဲ့မိတဲ့ အမှားတွ ပြုပြင်ပေးဖို့ ကူညီပေးမှာလား ဒါမှမဟုတ် လက်ရှိပုံစံတိုင်းကိုပဲ လက်ခံလိုက်မှာလား ဒီဇာတ်လမ်းရဲ့ အဓိက မက်ဆေ့က ဒီမေးခွန်းပါပဲ

ဒီကားလေးမှာ Aoi နဲ့ Akane ဆိုတဲ့ညီအမနှစ်ယောက်ရှိပါတယ် အစ်မဖြစ်သူ Akane မှာ Shinno တိုတဲ့ကောင်လေးရှိပါတယ် Shinno မှာအိမ်မက်တစ်ခုရှိပါတယ် အဲ့ဒါကတော့ တိုကျိုမြို့ကို Akane နဲ့အတူသွားပြီး ဟိုရောက်တဲ့အခါ Band အဖွဲ့တစ်ခုထောင်ဖို့ပါ

Shinno ကmusician တစ်ယောက်ဖြစ်ချင်တဲ့သူပါ Akane ရဲ့အိမ်မက်ကတော့ Shinno နဲ့အတူသွားဖို့ပါပဲ Akane ရဲ့ညီမဖြစ်သူ Aoi ဟာငယ်ငယ်ကတည်း Bass Guitar တီးတာဝါသနာပါခဲ့သူဖြစ်တော့ ဒီတော့ Bass Guitar တီးနည်းကို Shinno ကသင်ပေးခဲ့ပြီး Aoi တစ်ယောက်ကလည်း Shinno လိုBand အဖွဲ့ထောင်ချင်လာခဲ့ပါတယ်

သူတို့ရဲ့ပျော်ရွှင်စရာကောင်းနေတဲ့ဘဝကို ဝင်ရောက်လာတဲ့ မုန်တိုင်းကတော့ Akane နဲ့ Aoi တို့ရဲ့မိဘနှစ်ပါ Accident ဖြစ်ပြီးဆုံးသွားတယ်ဆိုတာပါ ဒီတော့ ညီမနှစ်ယောက်ထဲကျန်ခဲ့တော့အတွက် အစ်မဖြစ်သူဟာ တိုကျိုကို Shinno နဲ့အတူသွားဖို့ အိမ်မက်ကို စွန့်လွှတ်လိုက်ပါတယ် ဒီတော့ အဆုံးမှာတော့ Shinno တစ်ယောက် တိုကျိုကို တစ်ယောက်ထဲသွားလိုက်ပါတယ်

နောက် 13 နှစ်ကြာတဲ့နောက်မှာ Aoi ဟာ ပွဲတော်တစ်ခုကိုသွားရင်းနဲ့ Shinno ကိုပြန်တွေ့ခဲ့ပါတယ် ဒါပေမဲ့ Shinno ဟာအရင်လိုပြုံးပျော်ရွှင်တဲ့သူတစ်ယောက် မဟုတ်တော့ပါဘူး ဒီလိုနဲ့ Aoi ဟာ အိမ်ကိုပြန်လာခဲ့ပါတယ် အဲ့ဒီချိန်မှာ Shinno နဲ့ထပ်ပြီးဆုံပြန်ပါတယ် ဒါပေမဲ့ အဲ့ဒီ Shinno ဟာ လက်ရှိ Shinno မဟုတ်ဘဲလွန်ခဲ့တဲ့ 13 နှစ်က Shinno ဖြစ်နေပါတယ် သူ့ကို Guitar တီးသင်ပေးခဲ့တုန်းက Shinnoပါ

အဲ့လိုတွေ့ဆုံပြီးသိပ်မကြာခင်မှာပဲ Aoi တစ်ယောက် သူ့ဘဝရဲ့ ပထမဆုံး အချစ်ဆိုတဲအရာကိုသိသွားပါတယ် Shinno ကိုချစ်မိသွားပါတယ် ဒါပေမဲ့ ဒါဟာ သူမအစ်မရဲ့ ရည်စားဟောင်းဆိုတာကသိတဲ့အတွက် သူ့အတွက်ခက်ခဲလာပါတယ် ဒီလိုမဖြစ်သင့်ဘူးဆိုတာကို သူသိနေပါတယ် နောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ပေးကြပါဦး

ဒီထဲက ဇာတ်ဝင်တေးတွေကလည်း တကယ်ကိုကောင်းလှပါတယ် ဒီထဲမှာပါတဲ့ Her Blue Sky ဆိုတဲ့ သီချင်းက Admin ရဲ့ Fav song တွေထဲကတစ်ပုဒ်လို့လည်းပြောလို့ရပါတယ်

Download Links
Server Quality File Size Download Link
Google Drive
180P
2 GB
Download Now
Direct Link
180P
2 GB
Download Now
Promare (2019) (Myanmar Subtitle / မြန်မာစာတန်းထိုး)

Japan Anime ကားတစ်ကားပါ။ Rating 7.2 တောင် ရထားတာဆိုတော့

တော်တော်လေးမိုက်တဲ့Animeထဲမှာပါပါတယ်။

ခန္ဓာကိုယ်ကနေ မီးထလောင်တတ်တဲ့ mutant တွေကြောင့်

The Great Burning လို့ခေါ်တဲ့ အဖြစ်အပျက်ကြီး ဖြစ်လာခဲ့ပါတယ်။

နှစ် ၃၀ ကြာပြီးတဲ့နောက်မှာ Burnish လို့ခေါ်တဲ့သူတွေ ပေါ်လာပြန်ပါတယ်။

ဒီတစ်ခါမှာတော့ သူတို့က မီးကို ပိုပြီးထိန်းချုပ်နိုင်သွားကြပါပြီ။

ဒီလူတွေမှာ မီးတွေအကြောင်းပြချက်မရှိဘဲ လိုက်ရှို့နေတယ်။

ဒါပေမဲ့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။

Galo Thymos ဆိုတဲ့ မီးသတ်တပ်သားသစ်လေးတွေက

မီးလောင်မှုကို ကယ်ဆယ်ဖို့သွားရင်း Burnish တွေနဲ့ကြုံလာရတဲ့အခါမှာတော့

ပွဲကြီးပွဲကောင်းတွေ ဖြစ်ပါတော့တယ်။

Animation ဖန်တီးထားပုံတွေကလည်း တော်တော်လေး

စွဲဆောင်မှုရှိလွန်းတာကြောင့် ကြည့်နေရင်းနဲ့

အချိန်ဘယ်လိုကုန်လို့ကုန်သွားမှန်းတောင်မသိရမယ့်Animeမျိုးဖို့

ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

File Size : ( 1 GB , 303 MB)
Quality : BluRay 720p
Running Time : 1 hr 51 min
Format : Mp4
Genre : Animation , Action , Adventure
Subtitle : Myanmar Subtitle (Hard Sub)
Translated by Ye Man Aung
Encoded by Moe Myint Lwin

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now
Google Drive
HD
1.7 GB
Download Now
The Song of Names (2019) (Myanmar Subtitle / မြန်မာစာတန်းထိုး)

IMDb Rating – 6.3/10

#Unicode

တယောထိုးတဲ့နေရာမှာ ဉာဏ်ကြီးရှင်ပီသလောက်အောင် တော်လွန်းတဲ့ ဂျူးလူမျိုး ပိုလန်နိုင်ငံသားလေး ‌

ဒေးဗစ်ရပ်ပိုပေါ့…….. ဒေးဗစ်ကို သူ့မိသားစုက တယောပညာဆက်လက်ဆည်းပူးဖို့ လန်ဒန်က မိတ်ဆွေ

တစ်ယောက်ဆီမှာထားခဲ့ပါတယ်။ အဲဒီ့အိမ်က မာတင်ဆင်မွန်စ်လို့ခေါ်တဲ့ သူ့အရွယ်ကောင်လေးတစ်ယောက်

နဲ့ အချိန်တွေကြာလာပြီးတဲ့နောက်မှာ ညီအစ်ကိုတွေလိုဖြစ်လာကြပါတယ်။ တစ်ရက်မှာတော့ ဒေးဗစ်အတွက်

ဖျော်ဖြေပွဲတစ်ခုကို အကြီးအကျယ်ပြုလုပ်ပေးတဲ့ရက်မှာ ဒေးဗစ်‌တစ်ယောက်ပျောက်သွားပြီး ဖျော်ဖြေပွဲအတွက်

ငွေတွေများစွာဆုံးရှုံးခဲ့ပါတယ်။ နှစ်၄၀နီးပါးကြာမြင့်ပြီးနောက် မာတင်ဟာ ဒေးဗစ်ကိုပြန်ရှာတွေ့ဖို့ သဲလွန်စ

တစ်ခုကိုရခဲ့ပါတယ်။ အဲ့သဲလွန်စနောက် လိုက်တဲ့အခါမှာတော့ ဖျော်ဖြေပွဲနေ့တည်းကနေ ၃၅နှစ်ကြာမြင့်တဲ့

အထိ ဒေးဗစ်တစ်ယောက် ဘာလို့ပျောက်သွားတာလဲ…. ပြန်ရှာတွေ့ရင်ရော ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကို

စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုချင်ပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thingyan ပဲဖြစ်ပါတယ်။)

Download Links
Server Quality File Size Download Link
Google Drive
HD
978 MB
Download Now
Direct Link
HD
978 MB
Download Now
The Spooky Tale of Captain Underpants Hack-a-ween (2019) (Myanmar Subtitle / မြန်မာစာတန်းထိုး)

IMDb Rating – 5.7/10

အနောက်နိုင်ငံတွေမှာအောက်တိုဘာ(၃၁)ရက်ဆိုရင် ကလေးတိုင်းပျော်ရတဲ့ပွဲတော်တစ်ခုရှိပါတယ်။

သိကြမှာပေါ့ Halloween(ဟောလိုးဝင်း)ဆိုပြီး ဟောလိုးဝင်းညတွေမှာကလေးတွေဟာဝတ်စုံဆန်းတွေ

ဝတ်ပြီးတစ်အိမ်တက်တစ်အိမ်ဆင်း သကြားလုံးတောင်းကြပါတယ်။ သကြားလုံးမပေးရင်သရဲလိုလုပ်

ခြောက်ခံရမယ့်ဓလေ့လေးပါ။ ပီကွာဆိုတဲ့မြို့လေးကမယ်လ်ဗင်ဆိုတဲ့ကလေးတစ်ယောက်ဟာဟောလိုး

ဝင်းကိုမုန်းရာကနေ ဖျက်ပစ်ဖို့ထိလူစုနိုင်ခဲ့ပါတယ်။ မယ်လ်ဗင်ဘာလို့ဟောလိုးဝင်းကိုမုန်းရတာလဲရယ်

ဟောလိုးဝင်းကိုမပပျောက်စေချင်တဲ့ သူငယ်ချင်းတစ်စု ဘယ်လိုအကြံတွေထုတ်ကြမလဲရယ်ဆိုတာတွေကို

ရိုက်ကူးထားတဲ့Netflix Animation ကားလေးပါ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Hnin Wut Yi ပဲဖြစ်ပါတယ်။)

#Zawgyi

အနောက်နိုင်ငံတွေမှာအောက်တိုဘာ(၃၁)ရက်ဆိုရင် ကလေးတိုင်းပျော်ရတဲ့ပွဲတော်တစ်ခုရှိပါတယ်။

သိကြမှာပေါ့ Halloween(ဟောလိုးဝင်း)ဆိုပြီး ဟောလိုးဝင်းညတွေမှာကလေးတွေဟာဝတ်စုံဆန်းတွေ

ဝတ်ပြီးတစ်အိမ်တက်တစ်အိမ်ဆင်း သကြားလုံးတောင်းကြပါတယ်။ သကြားလုံးမပေးရင်သရဲလိုလုပ်

ခြောက်ခံရမယ့်ဓလေ့လေးပါ။ ပီကွာဆိုတဲ့မြို့လေးကမယ်လ်ဗင်ဆိုတဲ့ကလေးတစ်ယောက်ဟာဟောလိုး

ဝင်းကိုမုန်းရာကနေ ဖျက်ပစ်ဖို့ထိလူစုနိုင်ခဲ့ပါတယ်။ မယ်လ်ဗင်ဘာလို့ဟောလိုးဝင်းကိုမုန်းရတာလဲရယ်

ဟောလိုးဝင်းကိုမပပျောက်စေချင်တဲ့ သူငယ်ချင်းတစ်စု ဘယ်လိုအကြံတွေထုတ်ကြမလဲရယ်ဆိုတာတွေကို

ရိုက်ကူးထားတဲ့Netflix Animation ကားလေးပါ။

(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Hnin Wut Yi ပဲဖြစ်ပါတယ်။)

Quality – 720p  WebRip

Duration – 45 min

Subtitle – Myanmar Hardsub

Format – Mp4

Genre : Action, Animation, Short

Source : 1080p.WebRip

Translator – Hnin Wut Yi

Encoder – SWM

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
720p WebRip
402 MB
Download Now
Direct Link
720p WebRip
402 MB
Download Now
Greed (2019) (Myanmar Subtitle / မြန်မာစာတန်းထိုး)

England Brand အဝတ်အစားတွေရဲ့ လောကမှာ

ဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့

သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကို

ဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။

သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။

သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်

သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။

အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။

ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီး

အမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။

နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့

လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့

တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။

သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။

အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။

အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။

ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီး

သူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကို

သူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က

မိဘဆွေမျိုးတွေ သားသမီးတွေ သူ့ဆီမှာ အလုပ်လုပ်တဲ့သူတွေကို

လိုက်မေးတဲ့ပုံစံနဲ့ တင်ဆက်ထားတာဖြစ်ပြီး ဇာတ်လမ်းက

အနိမ့်အမြင့်အတက်အကျ မရှိတဲ့အတွက် အက်ရှင်ကားတွေ ကြိုက်တဲ့သူ

လျှို့ဝှက်သဲဖိုကားတွေလိုမျိုး မှုခင်းကားတွေပဲကြိုက်တဲ့သူတွေ

အတွက်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် စီးပွားရေးလောကအကြောင်းတွေ သူတို့ အရောင်းအဝယ်ကို ဘယ်လိုလုပ်တယ်။

သူတို့ကုန်ပစ္စည်းရဖို့ ဘယ်လိုလုပ်ကြတယ်ဆိုတာတွေကို ထည့်ပြသွားတဲ့ ဇာတ်ကားတကားပါ။

အပြင်မှာရှိတဲ့ သူဌေးကြီးတယောက်အကြောင်းကို နည်းနည်းလေး

ကျောရိုးယူပြီးရိုက်ထားတယ်လို့ဆိုပါတယ်။

ခံစားကြည့်ရှုလိုက်ကြပါအုံး။

 

File Size : ( 976 MB , 357 MB)
Quality : WEB DL 720p
Running Time : 1 hr 44 min
Format : Mp4
Genre : Comedy , Drama 
Subtitle : Myanmar Subtitle (Hard Sub)
Translated by NightFury
Encoded by Moe Myint Lwin

Credit to: Channel Myanmar

Download Links
Server Quality File Size Download Link
Google Drive
HD
976 MB
Download Now
Silhouette (2019) (Myanmar Subtitle /  မြန်မာစာတန်းထိုး)

IDMb rating 6.5/10 Horror,Thriller Jack Harms နဲ့ Amanda Harms

ဆိုတဲ့ ဇနီးမောင်နှံနှစ်ဦးမှာ Sarah ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။

Sarah ဟာ နာမကျန်းရောဂါနဲ့ သေဆုံးသွားတဲ့အခါ Jack က ဇနီးသည်

Amanda ရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့ Amanda နဲ့အတူ

ကျေးလက်နယ်မြေတစ်ခုဆီ အိမ်ပြောင်းရွှေ့ခဲ့တယ်။

ဇနီးသည်ရဲ့ စိတ်အခြေအနေကို Jack ထင်ထားသလို

ကျေးလက်ရဲ့ ငြိမ်းအေးမှုနဲ့ ကုစားနိုင်ပါ့မလား။

အတိတ်ရဲ့အရိပ်တွေက ထပ်ကြပ်မကွာ ခြောက်လှန့်နေတယ်။

မည်းနက်ပြီး ဆေးကြောလို့မရတဲ့ အပြစ်တွေက

ခန္ဓာကိုယ်ထဲ ကိန်းအောင်းနေပြီး Silhouette ပုံရိပ်တစ်ခုလို…

Silhouette ရုပ်ရှင်က သရုပ်ဆောင်မှုနဲ့ ရိုက်ချက်တွေကို

အဓိကဦးစားပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ဦးချင်းစီရဲ့ သရုပ်ဆောင်မှုကနေ ထင်ရှားထွက်နေတဲ့

စိတ်ခံစားချက်တွေကို မြင်တွေ့ရမယ်။

Amandaရဲ့ စိတ္တဇခြောက်ခြားမှုတွေကို မှောင်မည်းပြီး

ထိတ်လန့်စရာ အိပ်မက်တွေအဖြစ် ရိုက်ပြတဲ့ ရိုက်ချက်တွေကိုကြည့်ရင်

Silhouetteဟာ Horror ရုပ်ရှင်ကောင်းတစ်ခုလို့ ပြောရပါမယ်။

ဇာတ်ရှိန်မြင့်မြင့်နဲ့ သွားတဲ့ ဇာတ်လမ်းမဟုတ်ပေမယ့် တဖြည်းဖြည်းချင်း

စိတ်ခြောက်ခြားမှုတွေကို ပေးတဲ့ အမျိုးအစားဖြစ်လို့ horror fan သာဆိုရင်

Silhouette ကို နှစ်သက်မိမှာ အသေအချာပါပဲ။

 

File Size : ( 1 GB , 390 MB)
Quality : WEB DL 720p
Running Time : 1 hr 54 min
Format : Mp4
Genre : Drama , Horror ,Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by Lucille
Encoded by Moe Myint Lwin

Credit to: Channel Myanmar


Download Links
Server Quality File Size Download Link
Google Drive
WEB-DL 720p
1 GB
Download Now
Avengers: Endgame (2019) (Myanmar Subtitle /မြန်မာစာတန်းထိုး)

ပထမဆုံးအနေနဲ့ Endgame ရဲ့ သုံးနာရီဟာ ရှည်လွန်းတယ်လို့ထင်ရပေမဲ့ တကယ်တမ်းကျတော့ ကြည့်နေရင်း ကိုယ်ကိုယ်တိုင် စီးမျောသွားပြီး အချိန်ကုန်လို့ ကုန်မှန်းမသိလိုက်တဲ့ အထိကို ကောင်းလွန်းပါတယ်။Endgame ဟာ MCU ဆယ့်တစ်နှစ်တာရဲ့ အဆုံးသတ်ဆိုတာနဲ့ အညီ Iron Man (2008) က စလို့ လမ်းဖောက်ခဲ့တဲ့ MCU ရဲ့ Infinity Saga ခရီးဟာ အဆုံးကို ရောက်ရှိလာခဲ့ပါပြီ။ Endgame ဟာ ကျွန်တော့်အတွက် ခံစားချက်မျိုးစုံပေးစွမ်းနိုင်ခဲ့ပြီး စကားလုံးတွေနဲ့ ဖော်ပြဖို့မတတ်စွမ်းနိုင်တာကြောင့် review ရေးရတာ တော်တော်လေးခက်ခဲပါတယ်။Endgame မှာ ကျွန်တော်တို့ရဲ့ အကြိုက်ဆုံးဇာတ်ကောင်တွေအပြင် supporting role တွေကိုပါ role အနိမ့်အမြင့်ညီအောင် မျှပေးထားတာ တွေ့ရပါတယ်။ အစပိုင်းမှာတော့ Infinity War က အရှိန်မသေသေးတာကို ပြသွားပြီးနောက်တော့ Endgame ရဲ့ plot နဲ့ story ပိုင်းကို အဓိက focus ပြထားပါတယ်။Endgame ဟာ Infinity War လို ချဖို့ကို အဓိကမထားပဲ plot ပိုင်းကိုအဓိက ထားထားတယ်ဆိုပေမဲ့ final fight scene ကတော့ Infinity War က Wakanda battle ထက်တောင် ပိုကြာပြီး epic ဖြစ်ပါသေးတယ်။
Download Links
Server Quality File Size Download Link
Google Drive
HD
1.7 GB
Download Now